အမှန်တရားရဲ့နောက်ကွယ် Main Cast ပင့် အဖြစ် Pancake Khemanit Jamikorn ခရမ် အဖြစ် Hunz Ysariy Patharamanop ဇာတ်လမ်းအမျိုးအစား Action,comedy, Romance ဇာတ်လမ်းအကျဉ်း ခရမ် ဆိုတဲ့သူက ပင့်ဆိုတဲ့ မိန်းကလေးနဲ့ လက်ထပ်မယ့်သူပါ ခရမ်က သူအိပ်ပျော်သွားတဲ့ အချိန်မှာ ရုတ်တရက် တစ်ခြားတစ်ယောက်လိုဖြစ်လာပါတယ် ယူဇာ လို့ခေါ်တဲ့ Uthopia ကလပ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး ဘုရင်မတစ်ပါးလို အသွင်အပြင်နဲ့ ကင်းခရိုး လို့ခေါ်တဲ့ မြေအောက်တိုက်ခိုက်ရေးကွင်းက တိုက်ခိုက်ရေးသမား အဖြစ်ပြောင်းလဲသွားပါတော့တယ် လျှို့ဝှက်ဆန်းကြယ်တဲ့ အုပ်စုတစ်စုကသူ့ကိုလိုက်ရှာနေတာကို သိရတော့ သူစတင်ပြီးအံအားသင့်ခဲ့ရပါတယ် သူနဲ့ ပင့် ကြားက ဆက်ဆံရေးကလည်း AE ရဲ့ဒါရိုက်တာအသစ်အဖြစ် ဆူဇီ ဆိုတဲ့ မိန်းမ ဝင်လာတဲ့ချိန်ကစပြီး မတည်မငြိမ်ဖြစ်ခဲ့ရပါတယ် ကံကောင်းတာက သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း ဘွတ်က ဆူဇီရဲ့ ဝင်ရောက်စွက်တာကို ကာကွယ်ပေးခဲ့တယ် အတိတ်ကအမှန်တရားကတော့ ခရမ်က ခေါင်းဆောင်ခရမ်ပါ ယူဇာ နဲ့ ကင်းခရိုး ဆိုတဲ့နှစ်ယောက်က သူရဲ့လျှို့ဝှက်ထောက်လှမ်းရေးတာဝန်ကိုထမ်းဆောင်စဉ်က အသုံးပြုခဲ့တဲ့နာမည်ပါ သူနောက်ဆုံးတာဝန်ထမ်းဆောင်စဉ်က အမေရိကန်လျှို့ထောက်လှမ်းရေးအဖ...