Posts

Showing posts from December, 2020

နတ်မိမယ်နှင့်မာဖီးယား

Image
  "နတ်မိမယ်နှင့်မာဖီးယား"  Main cast Actor : Weir Sukollawat Actress : Pancake Khemanit Jamikarn ရမ်က အမေရိကန်ရဲတပ်ဖွဲ့ရဲ့ စုံထောက်တစ်ယောက်ပါ... သူ့ရဲ့ ခေါင်းဆောင်က သူ့ကိုထိုင်းကို မာဖီးယားအဖွဲ့မှာ သူလျှိုလုပ်ဖို့ စေလွှတ်ခဲ့တယ်.. ရမ် ထိုင်းကို မသွားချင်လည်းပဲ သွားခဲ့ရတယ် ဘာလို့လဲဆိုတော့ သူ့ရဲ့ မိထွေးကို နာကြည်းနေလို့ပါ.... မယ်လို့ခေါ်တဲ့ မယ်ခလာကတော့ လေယာဉ်မယ်ဖြစ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ တစ်ကောင်ကြွက်တစ်ယောက်ပါ... သူက သူများကို ကူညီပေးရတာ သဘောကျပါတယ်.... ဒါပေမယ့် အမှန်မဟုတ်ဘူးဆိုရင်တော့ ခေါင်းမာတတ်ပါတယ်... မယ်ရဲ့ ပထမဆုံးလေယာဉ် ပျံသန်းမယ့်နေ့မှာ ရမ်ကလည်း သူ့ပစ်မှတ်နောက်လိုက်ဖို့ . ကိုရီးယားကိုပျံသန်းမယ့် လေယာဉ်ပေါ်ရောက်လာပါတယ်... လေယာဉ်ပေါ်က အမှားတစ်ချို့ကြောင့် ရမ်ရဲ့ အသံဖမ်းစက်ပါတဲ့ ဘောပင်က မယ်ဆီရောက်သွားပါတယ်... ရမ်လည်း ရွေးချယ်စရာမရှိတော့ မယ်နဲ့သူ့ သူငယ်ချင်း ရွတ်လို့ခေါ်တဲ့ လူနောက်ကို ဘောပင်ပြန်ရဖို့ တစ်ကောက်ကောက်လိုက်ရပါတော့တယ်.. နောက်ဆုံးတော့ ရမ် မယ်ဆီက ဘောပင်ကို ပြန်ခိုးယူပြီး သူမှတ်ပစ်ထားတဲ့ သူတွေနေတဲ့ ဟိုတယ်မှာ ဘောပင်ကို ထားနိုင်ခဲ့တယ်... ရမ်နဲ့ မယ်က ဘောပင်ကိစ္စနဲ့ ဘယ်လ...